ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၃၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်လာသူ  (၂၉)ဦး ရှိကြောင်းသိရ

ကော့မှူး        စက်တင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၃၉)ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှုကြောင့် နေရပ်ပြန်လည် ရောက်ရှိလာသူ(၂၉)ဦးရှိကာ ကိုဗစ်-၁၉ကြောင့် သေဆုံးလူနာ မရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနထံမှ သိရှိရပါသည်။

လတ်တလော မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် ပတ်သက်၍ ကော့မှူး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး အဆင့်() ဦးစိုးဝင်းထွန်းက ‘’ ကျနော်တို့ ကော့မှူးမြို့နယ် အတွင်းမှာ Facility  Quarantine နေရာ ()ခုရှိပါတယ်။ လက်ရှိမှာ အထက ကော့မှူး၊ အထက နတ်စင်ကုန်း၊ အထက ဝါးဘလောက်ကျေးရွာ အထက ကျိုက်ထော်နှင့် သမင်ခြံကျေးရွာ စသည့် () နေရာတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်သူ(၆၃)ဦးကို ထားရှိပါတယ်။ ကျနော်တို့မြို့နယ် အတွင်းမှာ ပိုးတွေ့လူနာနှင့် တိုက်ရိုက် ထိတွေ့သူ (Primary  Contact) (၂၂၆)ဦးကို နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေး ဆောင်ရွက်ခြင်း၊ ပိုးတွေ့ လူနာနှင့် သွယ်ဝိုက် ထိတွေ့သူ (Secondary  Contact) (၂၄၇)ဦးကိုလည်း Home Quarantine အဖြစ် သတ်မှတ် စောင့်ကြည့်ခြင်းတို့ ဆောင်ရွက် လျက်ရှိပါတယ်။ ရန်ကုန် ဓာတ်ခွဲ ဌာနကို နှာခေါင်း/ အာခေါင်တို့ဖတ် ပို့ဆောင် နိုင်ရေးအတွက် ဓာတ်ခွဲနမူနာ ရယူတဲ့အဖွဲ့ ()ဖွဲ့ဖြင့် ဆောင်ရွက် လျက်ရှိပါတယ်။ ပိုးတွေ့ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမှုကြောင့် နေရပ် ပြန်လည် ရောက်ရှိ လာသူ (၂၉)ဦးကိုလည်း ကျန်းမာရေးဌာနက ()ရက်စောင့်ကြည့်အဖြစ် သတ်မှတ် စောင့်ကြည့် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မြို့နယ် အတွင်းက အနံ့မရ တဲ့သူတွေကို ထားရှိဖို့ ()နေရာ စီစဉ်ထားပါတယ် မြို့နယ် အတွင်းရှိသည့် ကော့မှူး ဆေးရုံ၊ ကျိုက်ထော်ဆေးရုံ၊ ဝါးဘလောက် ဆေးရုံနှင့် ကျန်()နေရာက ဆေးရုံနှင့် နီးစပ်သည့် Quarantine  Centre () နေရာဖြစ်ပါတယ်။ လက်ရှိမှာ အနံ့မရတဲ့လူနာ ()ဦးရှိပါတယ်။ အနံ့မရတဲ့ သူတွေ ကိုလည်း နှာခေါင်းတို့ဖတ် ရယူရေး ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေးဌာနနှင့် မြို့နယ် ကိုဗစ် ကော်မတီတို့၏ လမ်းညွှန်မှုဖြင့် ကော့မှူးမြို့နယ်အတွင်း ကိုဗစ်ရောဂါ  ကူးစက်ပြန့်ပွားမှု မရှိစေရေး အစွမ်းကုန် ဆောင်ရွက် လျက်ရှိပါတယ်  ‘’’ဟု ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး အသွားအလာ ကန့်သတ် စောင့်ကြည့်သူများအား Facility  Quarantine ထားရှိဆောင်ရွက်ရာတွင် (၂၄..၂၀၂၀)ရက်မှ စတင်ပြီး Facility  Quarantine ()ရက်နှင့် Home Quarantine ()ရက် စုစုပေါင်း(၁၄)ရက်ဖြင့် သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာ(၃၉)ဦးမှ ကျန်းမာရေး ကောင်းမွန် သဖြင့် ပြန်လည် ရောက်ရှိလာသူ(၂၉)ဦးနှင့် ကျန်ရှိသူ(၁၀)ဦးသည်လည်း ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် လျက် ရှိကြောင်း သိရှိရပါသည်။

(မြို့နယ် ပြန်/ဆက်)