တမူး စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ် ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာကြသူများအား ယနေ့ နံနက်(၉) နာရီအချိန်က အရေးယူ ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှနေအိမ်ပြင်ပသို့ သွားလာကြသည့် ပြည်သူများ အား ကျန်းမာရေး အသိဖြင့် စည်းကမ်းရှိရှိသွားလာစေရေးအတွက် တမူးမြို့ ၊ကမ္ဘောဇ ဘဏ်ရှေ့တွင် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ သွားလာ သူ(၁၉)ဦးတို့အားဒဏ်ငွေ(၃၀၀၀)ကျပ်စီပေးဆောင်စေ၍ အရေးယူဆောင်ရွက်ခဲ့ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။
တမူးမြို့တွင် နေအိမ်ပြင်ပသို့ နှာခေါင်းစည်း (Mask)မတပ်ဆင်ဘဲ သွားလားသူများအား စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းကို လူစည်ကားသည့် အာရှလမ်းမီးသတ် လမ်းဆုံ မီးပွိုင့်၊ အလောင်းဘုရားလမ်း မီးပွိုင့်၊ကမ္ဘောဇဘဏ်ရှေ့နှင့်ခြင်္သေ့လေးကောင် လမ်းဆုံ တို့တွင် အပတ်စဥ် အင်္ဂါ၊ကြာသပတေး၊သောကြာ နေ့များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)