သပိတ်ကျင်းမြို့နယ်တွင် အလှူရှင်များမှ PPE ဝတ်စုံနှင့် ကျန်းမာရေး အထောက်အကူပစ္စည်းများ လှူဒါန်း၊ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

သပိတ်ကျင်း စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် (၇) မိုင် ချမ်းသာကျေးရွာ အလှူရှင် များမှ (၄) မိုင်ကျေးရွာ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား PPE ဝတ်စုံနှင့် ကျန်းမာရေး အထောက်အကူ ပစ္စည်းများအား ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ် − ၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သပိတ်ကျင်းမြို့နယ် (၇) မိုင် ချမ်းသာကျေးရွာမှ အလှူရှင်ဦးသိန်းဇော်+ဒေါ်ခင်စိုးမိုး မိသားစုမှ (၄) မိုင်ကျေးရွာ ကြက်ခြေနီတပ်ဖွဲ့အတွက် ကိုဗစ် − ၁၉ ရောဂါ ကြိုတင် ထိန်းချုပ်ရေး ကာလအတွင်း လိုအပ်လျက်ရှိသော PPE ဝတ်စုံ (၁)စုံ၊ ကိုယ်ပူချိန်တိုင်းကိရိယာ (၂)ခု၊ Face Mask (၂၀၀၀) နှင့် လက်အိတ် (၁)ဗူး တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသောင်းလှနှင့် ဒုတိယ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်းတို့ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များမှ (၄)မိုင် ကျေးရွာ အတွင်းရှိ ဈေးသူ/သားများနှင့် လမ်းသွား/ လမ်းလာများအား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ Mask များ (အခမဲ့) ဖြန့်ဝေခဲ့သည်။ (၇)မိုင် ချမ်းသာကျေးရွာ အလှူရှင် မီလျှံဖြိုး ရတနာရွှေဆိုင်နှင် တံဆိပ်ရိုက်လုပ်ငန်းမိသားစုမှ (၄) မိုင် ကျေးရွာကြက်ခြေနီ တပ်ဖွဲ့သို့ Mask (၂၅၀) ခု၊ Face Shield (၇၀) ခုတို့အား ပေးအပ်လှူဒါန်းခဲ့ရာ (၇)မိုင် ချမ်းသာ ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ (၄)မိုင်ကျေးရွာ ဈေးရောင်း/ ဝယ်များအား ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊  Maskများနှင့် Face Shield များ (အခမဲ့) ဖြန့်ဝေကာ ကိုဗစ် − ၁၉  ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ခဲ့သည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)