လေရှီး စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လေရှီးမြို့နယ်တွင် ဗုဒ္ဓဘာသာတောင်တန်း သာသနာ ပြု ဘုန်းတော်ကြီး ကျောင်းများ တည်ဆောက်နိုင်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်စပ် ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ ငွေ ကျပ်သိန်း(၁၉၀)ကို ယမန်နေ့ က နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးခင်မောင် လင်းနှင့် တာဝန် ရှိသူများက ကျေးရွာအရောက်သွားရောက် သွားရောက်ပေး အပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
၎င်းထောက်ပံ့ငွေသည် လေရှီးမြို့နယ်၊ ရန်နွေးကျေးရွာ ဗုဒ္ဒသာသနာပြုကျောင်း (၄၀×၅၀×၁၂) ပေတည်ဆောက်ရန်အတွက် ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း(၁၀၀)နှင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ် လျက်ရှိသည့် ဟုမ္မလင်းမြို့နယ်၊ ပင်းမာ ဘုန်းတော်ကြီး ကျောင်း၊ ဓမ္မာရုံအလျားပေ(၉၅)၊ အနံပေ(၃၅) အပြီးသတ်ဆောက်လုပ်နိုင်ရန် ထည့်ဝင် လှူဒါန်းငွေ ကျပ်သိန်း(၉၀)တို့အတွက် ပေးအပ်လှူဒါန်းခြင်းဖြစ် ကြောင်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွန်ကြား ရေးမှူး ပြောကြားချက်အရသိရှိရသည်။
ခဘိုး (လေရှီး ပြန်/ဆက်)