မိုးနဲ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take away) ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်း ပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းနှင့် ဝန်ထမ်း များက အများပြည်သူစားသုံးရန် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင် များအနေဖြင့်ဈေးရောင်း၊ဈေးဝယ်ခြင်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များကို လိုက်နာဆောင်ရွက်ရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများအကြား ရောဂါကူးစက်မှုများ ဖြစ်ပွားရာမှတစ်ဆင့် အတူနေ မိသားစုဝင်များ သို့အဆင့်ဆင့်ကူး စက်မှုများဖြစ်ပွားနိုင်သောကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရေဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာရန်၊ ပါဆယ်စနစ် (Take away)ဖြင့်သာ ရောင်းချရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေးခြင်းနှင့် ကွင်းဆင်း ကြီးကြပ်ခြင်းများဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)