ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၅)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

 

လားရှိုး        စက်တင်ဘာ  ၂၉

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများ အား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ( ၂၉ )ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၉)ဦး ၊ အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၅)ဦးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါ နေရပ်ပြန် ပြည်သူ(၁၅)ဦးတို့တွင် ကချင်ပြည်နယ်မှ(၂)ဦး ၊  စစ်ကိုင်းတိုင်းဒေသကြီးမှ(၈)ဦး ၊  မကွေးတိုင်းဒေသကြီးမှ (၁)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၁)ဦး ၊ ရခိုင်ပြည်နယ်မှ(၃)ဦးတို့ဖြစ်ကြပါသည် ။ နေရပ်ပြန်ပြည်သူများအား ထပ်ဆင့်ပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ  စက်တင်ဘာလ(၂၉) ရက်နေ့ အထိ နေရပ်ပြန်ပြည်သူ အမျိုးသား(၁၀၄၄၅)ဦး ၊ အမျိုးသမီး(၆၅၂၆)ဦး၊ စုစုပေါင်း (၁၆၉၇၁)ဦး တို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိူင်ခဲ့ကြောင်းသိရှိရသည်။

နန်းသန္တာဦး

(ပြည်နယ်-ပြန်ဆက်)