လသာမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမပြုရန် အသိပညာပေးဆောင်ရွက်

 လသာ စက်တင်ဘာလ ၂၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမပြုရန် အသိပညာပေးခြင်းကို ယမန်နေ့နံနက် နာရီအချိန်တွင်  မြို့နယ်ကိုစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

လသာမြို့နယ်အတွင်း  သွားလာနေသောယာဉ်များအားရပ်တန့်စေပြီး စက်တင်ဘာလ (၂၄)ရက်နေ့မှ အောက်တိုဘာလ ()ရက်နေ့ထိ ပြည်သူများ မိသားစုကျန်းမာရေးနှင့်စားသောက်ရေးဈေးဝယ်ခြင်းကိစ္စများမှ လွဲပြီး အကြောင်းမဲ့ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် ယာဉ်များအား တားဆီးပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ စည်ပင်မှတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများပူးပေါင်း၍ အသိပညာပေးလုပ်ငန်းကို စက်တင်ဘာလ ၂၇ ရက်နေ့ကစတင်ပြီးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မေသူ(ပြန်/ဆက်)