လပွတ္တာ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးလပွတ္တာ မြို့နယ်တွင် ပထမဦးဆုံးကိုဗစ်(၁၉)ပိုးတွေ့ရှိသောလူနာသည် ယမန်နေ့ညနေပိုင်းက ရောဂါသက်သာပျောက်ကင်းပြီဖြစ်သဖြင့် (၃)မိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်းသိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရရှိသူအား ကျန်းမာရေးဦးစီးဌာနမှ နေအိမ်တွင် (၇) ရက် အသွားအလာ ကန့်သတ်သွားမည် ဖြစ်ကြောင်းနှင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ၍ နေထိုင်ကြရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနက မှာကြားပြီးနောက် နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ)