မိုင်းခုတ် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ စေရေး အသိပညာပေးခုပ်ငန်းများနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့စည်ပင်သာယာရေးဌာနတာဝန်ခံ ဦးစိုင်းဆိုင်ဟိန်းနှင့်ဝန်ထမ်းများက မြို့တွင်ဖွင့်လှစ်ရောင်းချ လျက် ရှိသော စားသောက်ဆိုင်များနှင့် စျေးဆိုင်တို့တွင် Mark တပ်ဆင်ပြီးမှ စျေးရောင်းဝယ်ရေး၊ ဒေသခံ ပြည်သူ များအနေဖြင့် မလိုအပ်ဘဲနေအိမ်ပြင်ပမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက တစ်ဦးထက်မပိုဘဲ နှာခေါင်း စည်း Mask များ တပ်ဆင်သွားလာရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အခါအားလျော် စွာထုတ် ပြန်သော ညွှန်ကြားချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် ကွင်းဆင်းအသိပညာပေး ပြောကြား ပြီး Mask (၂၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးတင့် (ပြန်/ဆက်)