ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP ဆောင်ရွက်

ဒီးမော့ဆို       စက်တင်ဘာ   ၂၉

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာ ၁၂ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုရှိသူများ၊ လုပ်ကွက်ငယ် တောင်သူများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ မိမိတို့၏ စီးပွားရေးလုပ်ငန်း ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၇၄ ရွာ ရှိသည့်အနက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၁၂ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းတွင် မတည်ရန်ပုံ ငွေကျပ် ၃၀၀ သိန်း ရရှိသည့် အိမ်ခြေ ၁၀၀ နှင့်အထက် ကျေးရွာ ရွာ၊ မတည်ရန်ပုံငွေကျပ် ၂၀၀ သိန်း ရရှိသည့် အိမ်ခြေ ၅၂ နှင့် ၁၀၀ ကြားရှိ ကျေးရွာ ရွာ၊ မတည်ရန်ပုံငွေကျပ် ၁၀၀ သိန်း ရရှိသည့် အိမ်ခြေ (၅၀)အောက် ကျေးရွာ ရွာ စုစုပေါင်း ရန်ပုံငွေကျပ် ၂၆၀၀ သိန်းဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာမှ ပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်ကာ စဉ်ဆက်မပြတ် ငွေကြေး အရင်းအမြစ် ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။

 

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၃၉၄ ဦး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်သူ ၁၁၂ ဦး၊ ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူ ၂၁ ဦး၊ သက်မွေးလုပ်ငန်း ဆောင်ရွက်သူ ဦး စုစုပေါင်း ပြည်သူ ၅၂၉ ဦးအား စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိ ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)