ပြည် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင်(ဆင်မကြပ်)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို နေ့စဉ်(၂၄)နာရီ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဂိတ်တွင် ရန်ကုန်ဘက်မှ ပြည်မြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများ အပါအဝင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ယာဥ်နံပါတ်၊ ယာဉ်မောင်းအမည်၊ နေရပ်လိပ်စာနှင့်ဖုန်းနံပါတ်၊ သွားရောက်မည့်နေရာတို့ကို စစ်ဆေးမေးမြန်း၍မှတ်တမ်းရေး သွင်းခြင်း၊ ယာဉ်ပေါ်ပါသူအားလုံးကို သက်ဆိုင်ရာဒေသအလိုက်အုပ်ချုပ်ရေး အဖွဲ့နှင့်ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ၏ ခရီးသွားထောက်ခံချက်နှင့်ကျန်းမာရေးထောက်ခံချက်များ ပါ/မပါစစ်ဆေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က နေ့စဉ်အဆိုင်းသုံးဆိုင်းဖြင့်(၂၄)နာရီ ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းနှင့်ပြည်မြို့တွင် နဝဒေးတံတားဂိတ်၊ အမှတ်(၃)ရဲစခန်းရှေ့ တာဂွ လမ်းဆုံဂိတ် တို့တွင်လည်း အလားတူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)