ထီးချိုင့် စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီး ဌာန ၏ ယနေ့နံနက် ( ၆ ) နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၆၈၇ ) စင်တီမီတာသို့ ရောက်ရှိနေပြီး ထီးချိုင့်မြို့၏စိုးရိမ်ရေမှတ် (၇၄၀) စင်တီမီတာသို့ရောက်ရှိ လာနိုင်ပါသဖြင့် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးဂရုပြုနေ ထိုင်ရန်နှင့် ကျွဲ၊ နွားများအား ကြိုတင်ပြောင်းရွှေ့ထားရန် အသိပေးနှိုးဆော်ခြင်းအား ယနေ့နံနက် ( ၉ ) နာရီအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါလိုက်လံအသိပေးနှိုးဆော်ရာသို့ထီးချိုင့်မြို့နယ်မီးသတ်ဦးစီးဌာနမှဒုဦးစီးမှူးဦးချမ်း မြေ့နိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးသုံးယာဉ် ( Speed Boat ) ဖြင့် ခက်သင်ကျွန်းကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ရေဝကျေးရွာ၊ သော်ကြီးကျေးရွာ၊ ဆင်ကျွန်း ကျေးရွာနှင့်သော်ကကျေးရွာများသို့အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရ
သည်။
ရဲလင်းထွန်း ( ထီးချိုင့် )