ပုသိမ်ကြီး စက်တင်ဘာ ၂၉
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ အောင်သင်း ရေးသားသည့် "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးကြခြင်းဖြစ်ပြီး၊ မြို့နယ်ဦးစီးမှူး စာရေးဆရာမ မေဝတီ(ပြန်/ဆက်)က ဟောပြောချက်ဆိုသည့် ခေါင်းစဉ်အား လည်းကောင်း၊ စာကြည့်တိုက် လက်ထောက် ဒေါ်မာအေး နောက်ဆက်တွဲ အမေးအဖြေများ ခေါင်းစဉ်အား လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်စုစုလှိုင် စုလှိုင်(ပြန်/ဆက်)၊ နှင့် အငယ်တန်း စာရေး ဒေါ်စန္ဒာဝင်း တို့က ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ အမေးအဖြေများ ခေါင်းစဉ်ကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး၊ ၎င်းစာအုပ်သည် တတိယ အကြိမ်မြောက် ထုတ်ဝေထားသည့် စာအုပ်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို