ကသာခရိုင် ဗန်းမောက်မြို့ ၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေး အသိပညာ ပေးခြင်းများ ဆောင်ရွက်

ဗန်းမောက် စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာကြရာ တွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေး အသိ ပညာပေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းကစတင်၍ ဗန်းမောက်မြို့နယ် မြို့တော်ခန်းမရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးအသိပညာပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အေးမင်း၏ ကြီးကြပ် ဆောင်ရွက်မှု ဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာခြင်းမရှိသည့် ပြသူ (၁၄)ဦးအား မြို့နယ်တရားရုံး၌ ဒဏ်ရိုက်သည့် အနေဖြင့် နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၃၀၀၀) ကျပ်နှုန်း ဝယ်ယူတပ်ဆင်စေခဲ့သည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာဆိုင်ရာများ ပူးပေါင်း၍ တစ်ရက်တစ်ကြိမ် ဆောင်ရွက် သွားမည် ဖြစ်ကြာင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်၏ ပြောပြချက်အရ သိရသည်။

ကျော်စွာ(ဗန်းမောက်)