မြိုင် စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့လျှက်ရှိရာ မြိုင်မြို့နယ်အနေဖြင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အဆိုပါအစည်းအဝေးကိုပြုလုပ်ရခြင်းဖြစ်သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြို့နယ် အုပ်ချုပ် ရေးမှူးဦးသန့်ဇင်ခိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ တက် ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မြို့ဝင် စစ်ဆေးရေးဂိတ်များ ထားရှိစေရေး၊ဌာနဆိုင်ရာ ဝန်ထမ်းများ ဂျူတီချထားမှုအစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး ဆုံးဖြတ် ချက်အရ မြို့ဝင် စစ်ဆေးရေးဂိတ် (၃) ဂိတ်ထားရှိမည်ဖြစ်ပြီး မြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အဖွဲ့အစည်းများတာဝန်ကျဂျူတီများဖြင့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သူရ(ပုံတောင်)