မြောက်ဥက္ကလာပ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင် များကမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်နှင့် မြို့နယ်ချင်းဆက် လမ်းများ၊ တံတားများတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး QR pass မပါသောယာဉ်များ၊ အထောက်အထားမခိုင်လုံသော ယာဉ်နှင့်လူများအား နယ်ကျော်သွားလာခွင့် ခွင့်မပြုတော့ကြောင်း ကို သိရှိလိုက်နာစေရန် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)