မကွေးတိုင်းဒေသကြီး ထီးလင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်ဆင် သွားလာရေး စစ်ဆေး ဆောင်ရွက်

ထီးလင်း        စက်တင်ဘာ   ၂၉

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် အဆိုပါရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရ ေးအတွက်  နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာရေး ယနေ့နံနက် ၇ နာရီခွဲတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ ယောရွှေပြည်ကားဂိတ်နေရာ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်း ဖြတ်သန်းသွားလာနေသော ယာဉ်ကြီး ယာဉ်ငယ်များ၊ ရပ်ကွက်နေပြည်သူများနှင့်ခရီးသွားပြည်သူများအနေဖြင့် အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေးနှင့်နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ ဖြတ်သန်း သွားလာပါက စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များအား အလေးထား လိုက်နာဆောင်ရွက်ရေးနှင့်(COVID-19)ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာသည့် အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာရေး၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုရေး၊ လူစုလူဝေး မပြုလုပ်ရေးနှင့် လူစုလူ ဝေးရှိရာနေရာသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ တတ်နိုင်သမျှ မိမိတို့နေ အိမ်တွင်သာနေထိုင်ရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် သွားလာရာတွင် သက်ဆိုင်ရာ၏ ခရီးသွားထောက်ခံချက် ယူဆောင် သွားလာရေး စသည်တို့ကို ထီးလင်းမြို့တွင် စဉ်ဆက်မပြတ် ကြီးကြပ် စစ်ဆေးအရေးယူမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)