ချောင်းသာ စက်တင်ဘာ ၂၉
ချောင်းသာမြို့နေ ပြည်သူများအား (Stay at Home)ကာလအတွင်း အရေးကြီးကိစ္စများရှိပါက အပြင်ထွက် သွားလာသည့်အခါ တစ်အိမ်လျှင် တစ်ယောက်နှုန်းသာ အပြင်ထွက် သွားလာခွင့်ကဒ်များဖြင့် သွားလာကြရန် စည်းကမ်းချက်များ ထုတ်ပြန်ထားခဲ့ပြီး အဆိုပါစည်းကမ်းချက်များအတိုင်း ပြည်သူများ သွားလာနေထိုင်ခြင်း ရှိ/မရှိကို သိရှိနှိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက ချောင်းသာမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၊ စောင့်ကြည့်ရေး အဖွဲ့များနှင့် ရွှေ့လျား အဖွဲ့တို့မှ စစ်ဆေးဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာများအား အပြင်ထွက် သွားလာခွင့်ကဒ်များ ပါ/မပါ၊ Mask များ တပ်ဆင်သွားလာခြင်း ရှိ/မရှိတို့ကို စစ်ဆေးကာ အရေးကြီးကိစ္စမဟုတ်ပါက အပြင်ထွက် သွားလာခြင်း မပြုရန် ယခုကာလမှာ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို သေသေချာချာ လိုက်နာရန် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကိုလည်း သတ်မှတ် စည်းကမ်းချက်များအတိုင်း သေသေချာချာ လိုက်နာ ရောင်းချကြရန် စစ်ဆေးဆောင်ရွက်ပြီး မှာကြားခဲ့ကြောင်း၊ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့များမှ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)