လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ် (၁၄)ရပ်ကွက်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကန့်သတ် စောင့်ကြည့်စခန်းမှ အနံမရသည့် လူနာများနှင့် တာဝန်ကျဝန်ထမ်းများအတွက် နိုင်းစတား မိသားစု(မီးခွက်ဈေး)မှ သောက်ရေသန့်ကတ်(၃၅၀) ကတ်ကို ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။
အဆိုပါလှူဒါန်းရာတွင် အမှတ်(၁၄)ရပ်ကွက် အစိုးရနည်းပညာ အထက်တန်းကျောင်း ကန့်သတ်စောင့်ကြည့်စခန်း တွင် လိုအပ်လျက်ရှိသော သောက်ရေသန့်များကို နိုင်းစတား မိသားစု (မီးခွက်ဈေး)မှ တန်ဖိုးငွေကျပ် နှစ်သိန်းခုနှစ်သောင်းတန်းဖိုးရှိ ရေသန့်ကတ်(၃၅၀)အား လာရောက် လှူဒါန်ခဲ့ပြီး လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ကိုယ်စား Volunteer ဦးဇေကိုကိုမှ လက်ခံရယူခဲ့ကာ အလှူရှင်မိသားစုများအား ယခုကဲ့သို့ မိမိတို့ မြို့နယ် ကိုဗစ်−ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တတ်အားသမျှ ကူညီလှူဒါန်း ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ကြောင်းပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)