အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်          စက်တင်ဘာ             ၂၉

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က တညင်းကုန်းရပ်ကွက်၊ဆောက်လုပ်ရေးမှတ်တိုင်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပြီး စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်အတွင်း လမ်းမများတွင် သွားလာနေသော ယာဉ်များ၊မော်တော်ဆိုင်ကယ် များအား ရပ်တန့်စစ်ဆေးစေပြီး စက်တင်ဘာလ(၂၄)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိ ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှ လွှဲ၍ မလိုလားအပ်ဘဲ သွားလာမှုများ မရှိစေရန်စသည်တို့ကို အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေ သကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထား သည့် Stay at Home အမိန့်ညွှန်ကြားချက်များအား လိုက်နာစေရေးအတွက် ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)