လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ထားသည့် ပြည်သူများအား လှူဒါန်းထားသော ပစ္စည်းများကို ဆက်လက်ဖြန့်ဝေ လှူဒါန်း

လှိုင်သာယာ (အရှေ့ပိုင်း) စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီသို့ အလှူရှင်များမှ လှူဒါန်းထားသော ပစ္စည်းများကို ယမန့်နေ့မွန်းလွဲပိုင်းက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ ညောင်ကျေးရွာနှင့် ရေဥက္ကံကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင်  ဖွင့်လှစ်ထားသော အသွားအလာ ကန့်သတ်ထားသည့် ပြည်သူများအား ဆက်လက် ဖြန့်ဝေလှူဒါန်းခဲ့သည်။

ဆက်လက်ဖြန့်ဝေလှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းထားသော ပစ္စည်းများဖြစ်ကြသည့် ကာကွယ်ရေးသုံး ဝတ်စုံများ၊ နှာခေါင်းစည်းများ ၊ လက်သန့်ဆေးရည်၊  ရေသန့်၊ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ပဲများ စသည်တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူရှင်များမှ လှူဒါန်းခဲ့သော ပစ္စည်းများ ဖြစ်ပါသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ အလှူရှင်များမှ လှူဒါန်းထားသော ပစ္စည်းများကို  လှိုင်သာယာမြို့နယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ်အလုပ်အမှုဆောင်များနှင့် မြို့နယ်/ရပ်ကျေးအုပ် ချုပ်ရေးအဖွဲ့တို့က ဖြန့်ဝေကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အသွားအလာ ကန့်သတ်ထားသည့် နေရာများမှ ပြည်သူများကို လှူဒါန်းထားသော ပစ္စည်းများအား ဆက်လက်ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)

 

၀၉၄၀၃၁၆၀၃၈၉