ကျောင်းကုန်းမြို့နယ်တွင် အနှေးယာဉ်လုပ်သားများအား ရွှေပုဏ္ဏမီရွှေဆိုင်မှ ဆန်(၁၂၅)အိတ် လှူဒါန်း

ကျောင်းကုန်း  စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအနီး ရွှေပုဏ္ဏမီရွှေဆိုင် မိသားစုမှ ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က အနှေးယာဉ်လုပ်သား (၄၂၁)ဦးနှင့် လှေလေး ယာဉ်လုပ်သား(၄၈)ဦး၊ စုစုပေါင်း(၄၆၉)ဦးကို တစ်ဦးလျှင် ဆန်(၆)ပြည်စီဖြင့် ဆန်အိတ် (၁၂၅)အိတ်၊  ခန့်မှန်းတန်ဘိုးငွေကျပ် (၃၃)သိန်းကျော် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ယခုဖြစ်ပွားလျှက်ရှိသော ကိုဗစ် - ၁၉ ကာလတွင် အခြေခံလူတန်းစားများဖြစ်သည့် အနှေးယာဉ်လုပ်သားများနှင့် လှေလေးယာဉ်လုပ်သားများအနေဖြင့် စားဝတ်နေရေး အခက်အခဲအား တစ်ဖက် တစ်လမ်းမှ အဆင်ပြေစေရန် ရည်ရွယ်၍ ယခုလိုလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အလှူရှင် ကိုဝင်းဝင်းထွန်း ကပြောကြားခဲ့သည်။

ဝင်းကြိုင်(ပြန်/ဆက်)