အမာ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်း ဦးစီးဌာန၏ (MCCT) အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း ကို ယနေ့ မွန်းတည့် ၁ နာရီခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဖျာပုံမြို့၊ ဧရာဝတီဘဏ်မှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင် (၁၇)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၄)ဦး စုစုပေါင်း(၂၁)ဦးအတွက် ဧပြီလမှစတင်၍ ယခုလအထိ တစ်လလျှင်ကျပ် (၁၅၀၀၀/-)နှုန်းဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်ထံမှ သိရသည်။
နော်လေး(အမာ)