မအူပင်မြို့ပေါ် (၁၂) ရပ်ကွက် ကိုဗစ် - ၁၉ ကာကွယ်ရေး စစ်ဆေးရေး ဂိတ်များအတွက် အနာဂတ် လူငယ်ပရဟိတအဖွဲ့မှ နှာခေါင်းစည်း (Mask) များလှူဒါန်း

မအူပင်  စက်တင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် မြို့ပေါ် (၁၂) ရပ်ကွက်တွင် လမ်းများအလိုက် အဝင်/အထွက် စစ်ဆေးရေးဂိတ်များကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက် (၁၂) ရပ်ကွက်တွင် စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မအူပင်မြို့ပေါ် ရှိရပ်ကွက် (၁၂) ရပ်ကွက်တွင် ရပ်ကွက်များအလိုက် လမ်းအဝင်/အထွက် စစ်ဆေးရေး ဂိတ်များတွင် နေအိမ်ပြင်ပ ထွက်ခွာလာသည့် ပြည်သူများနှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန်နှင့် ဟောင်းနွမ်းသော နှာခေါင်းစည်း (Mask) များအား အသစ်တပ်ဆင်ရန် အတွက် မအူပင်မြို့နယ် ရပ်ကွက်များမှ စုပေါင်းဖွဲ့စည်းထားသည့် အနာဂတ် လူငယ်ပရဟိတအဖွဲ့က ရပ်ကွက် တစ်ရပ်ကွက်လျှင် နှာခေါင်းစည်း (Mask) ၅ ဗူးစီဖြင့် (၁၂) ရပ်ကွက်အတွက် နှာခေင်းစည်း (Mask) ၆၀ ဗူးအား တာဝန်ရှိသူများထံ သွားရောက်လှူဒါန်းခဲ့ကြောင်း အနာဂတ် လူငယ်ပရဟိတ အဖွဲ့ ဦးဆောင်သူ မမေသူထံမှ သိရသည်။


အောင်ခိုင်(မအူပင်)