ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးလက်နေဒေသခံ တိုင်းရင်းသား ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ရောင်း၊ ကုန်ဝယ်လုပ်ငန်းများမှ အပိုဝင်ငွေများရရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများကို မြို့နယ်အတွင်း၌ ကျေးရွာ(၂၉)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြို့ဟောင်းကျေးရွာနှင့် ဝါးဘိုးကုန်းကျေးရွာ (၂)ရွာအား ပဉ္စမနှစ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေကို ပြန်လည်ထုတ်ချေးပေးလျက်ရှိရာ မြို့ဟောင်းကျေးရွာတွင် မြစိမ်းရောင် ချေးငွေ တောင်သူ (၁၆၉) ဦး အား ရန်ပုံငွေကျပ် (၄၄၄၀၀၀၀၀) သိန်း ဝါးဘိုးကုန်းကျေးရွာတွင် မြစိမ်းရောင်ချေးငွေ တောင်သူ (၁၃၁) ဦး အား ရန်ပုံငွေကျပ် (၄၇၀၀၀၀၀၀) သိန်း အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေအရ စီမံကိန်း ကော်မတီဝင်များနှင့် ၎င်းဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများက ချေးငွေထုတ် တောင်သူများ လက်ဝယ် အရောက် အိမ်တိုင်ရာရောက် လိုက်လံထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးရန်နိုင်ထံမှ သိရသည်။
မျိုးမင်းဦးပြန်/ဆက်