မိုင်းရယ်မြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရ

မိုင်းရယ် စက်တင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ပန်ဟုန်း၊ကောင်းစံ၊ ကုန်းမုံကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ကာလမှာ ကျေးလက်နေပြည်သူများဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်ပြီးတော့ ကျေးရွာတစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း၁၀၀စီ ထောက်ပံ့ ပေးပြီး ယခုစီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်၊ လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာလဲ လုပ်အားတန်ဖိုး ၆၀ရာခိုင်နှုန်း ပစ္စည်းတန်ဖိုး ၄၀ရာခိုင်နှုန်း သတ်မှတ်ကာ လုပ်အားခပေးချေသည့်စနစ် (Labour Intensive)ဖြင့်သာ ကျေးရွာလူထု ကိုယ်တိုင် မိမိကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါတယ်၊ အဲ့ဒီ အတွက် အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုများနဲ့ ဆင်းရဲသောမိသားစုများကို ဝင်ငွေရရှိ စေခဲ့ပါတယ်ဟု မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအုန်းမြင့် က ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းထောက်ပံ့ငွေဖြင့် ကျေးရွာ()ရွာတွင် မြေသားလမ်း ပြုပြင်ခြင်းနှင့် ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း၊ ကျောင်းဆောင်ပြုပြင်ခြင်းလုပ်ငန်း ရေပေးရေးလုပ်ငန်း စသည့်လုပ်ငန်းခွဲများကို ကျေးရွာ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်