မြဝတီမြို့တွင် Mask Campaign နှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မြဝတီ စက်တင်ဘာလ ၂၉

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမိသားစု ပြန်လည်ဆက်သွယ်ပေးရေးဌာန၏ နေရပ်ပြန်ပြည်သူများနှင့် ဒေသခံပြည်သူများအား အကူအညီပေးရေးစီမံချက်အရ Mask Campaign နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် ၅ ရပ်ကွက် ရှိ ရွှေမြင်းဝန်းဘုရားမြောက်ဘက်မုဒ်တွင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြဝတီမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မြန်မာရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က ပူပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့အတွင်း နေထိုင်ကြသည့် မိဘပြည်သူများအနေနဲ့ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍  ဆောင်ရန်ရှောင်ရန် အချက်များကို လိုက်နာဆောင်ရွက်ကြ ရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်ရေးတို့ကို အသိပညာပေးနှိုးဆော်ပြီး နှာခေါင်းစည်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် အိမ်တွင်းအကြမ်းဖက် တိုက်ဖျက်ရေးပို စတာများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်