ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး Mask များဝေမျှခြင်းနှင့် ပြည်သူများ နေအိမ်တွင် နေထိုင်ရေးမေတ္တာရပ်ခံနှိုးဆော်

ဒဂုံတောင်  စက်တင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးစေရေး စျေးများတွင် နှာခေါင်းစည်း (Mask) များ ဝေမျှခြင်းနှင့် မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်း မရှိစေရေး မေတ္တာရပ်ခံနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်ကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ စျေးများနှင့်အမှတ်(၂၆)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမတွင် ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ရင်ခွင်မဲ့ကလေးလျော့ချရေး ခရိုင်ဥက္ကဋ္ဌ we love အဖွဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍  ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂၅)ရပ်ကွက်ရှိ အမှတ်(၁)စျေး မဟာဗန္ဓုလပျံကျစျေး ၁၀၅စျေး ၁၀၆စျေး တို့တွင် စျေးရောင်းချနေသူ စျေးသည်များအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေခြင်းရှိမရှိ ကွင်းဆင်းစစ် ဆေး၍ Maskများဝေမျှခြင်းနှင့် မြို့နယ် ကိုဗစ် - ၁၉နာယက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် မြို့နယ် စည်ပင် ကော်မတီ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး တို့ဦးဆောင်သောတပ်ဖွဲ့ဝင်များ ယာဉ်ထိန်းရဲ တပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့များမှပူးပေါင်း၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၆) ရပ်ကွက် ဘုရင့် နောင်လမ်း ပေါ်တွင်  Stay at Home ကာလအတွင်း အကြောင်းမဲ့ အပြင်ထွက်သွားလာခြင်းမပြုဘဲ မိမိအိမ် တွင်း၌သာနေ ထိုင်ကြစေရေး အသိပေးစစ်ဆေးခြင်းနှင့် အသံချဲ့စက်များနှင့် မေတ္တာရပ်ခံနှိုး ဆော်ခြင်းများ ဆောင်ရွက် ခဲ့ ကြသည်။

ထိုသို့မေတ္တာရပ်ခံနှိုးဆော်ရာတွင် မြို့နယ် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ “ယခုအချိန်အခါမှာ COVID – 19 ရောဂါပိုးတွေ့လူနာများ တစ်နေ့ တစ်ခြား တိုးပွား လာနေသည့်အတွက် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီး ဌာနမှ အမိန့်ထုတ်ပြန် ကြေညာထားသည့်အတိုင်း  Stay at Home ကာလအတွင်း အကြောင်းကိစ္စမရှိဘဲ ရပ် ကွက် အတွင်းရှိ လမ်းများနှင့် လမ်းမကြီးများပေါ်သို့ ထွက်ခွာသွလာခြင်းမပြုဘဲ မိမိတို့၏ နေအိမ်တွင်သာနေထိုင်၍  COVID -19 ရောဂါတိုက်ဖျက်ရေးကို ပူးပေါင်း ကူညီ ဆောင်ရွက် ပေးကြ ပါရန် မေတ္တာရပ်ခံအသိ ပေးကြေညာ အပ်ပါသည်” ဟူသောနှိုးဆော်စာကို ဖတ်ရှု မေတ္တာရပ်ခံ ကြေညာကြောင်း မြို့နယ် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှသိရသည်။

သန်းသန်းအေး(ပြန်/ဆက်)