ရေး စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၄)အုပ်စုရှိ အသက်(၈၀)နှစ် ပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီးရွယ်အိုဘိုးဘွား (၁၄၈၃)ဦးတို့အား ကိုဗစ် -၁၉ စီးပွါးရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို အဘိုး အဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်နှင့်အညီ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဘိုးဘွားတစ်ဦးချင်းစီကို ငွေကျပ်(၃၀၀၀၀) နှုန်းဖြင့် ရေးမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၄၈၃) ဦးတို့အား ထောက်ပံ့ငွေများကို ပထမအကြိမ် ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)