ကလေးခရိုင် မင်းကင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ စိုက်ပျိုးထား သောလယ်မြေများအား ပိုးမွှားရောဂါ ကျရောက်ပျက်စီးမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

မင်းကင်း စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊မင်းကင်းမြို့  သင်္ဘောကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု  CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော  လယ်မြေများအား  ပိုးမွှား ရောဂါ ကျရောက် ဖျက်စီးမှု ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် မျိုးစေ့တာဝန်ခံ၊ ဒုတိယဉီးစီးမှူးများဖြစ်ကြသည့် ဒေါ်မိုးသူ၊ ဒေါ်ဘီဝင်းနှင့် နယ်မြေတာဝန်ခံ လက်ထောက်ဉီးစီးမှူး  ဉီးဝေဖြိုးခန့် တို့က သင်္ဘောကျေးရွာမှ တောင်သူ ဦးဝင်းဆွေ နှင့် ကမ်းပြည့်ကျေးရွာမှ တောင်သူ ဦးကံရှင်တို့၏ မျိုးစေ့ ထုတ်စိုက် ခင်းများ ၌  ပိုးမွှားရောဂါ  ကျရောက် မှု အခြေအနေများ အား စစ်ဆေးခဲ့ကြသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မိုးသူက. တောင်သူများအား  ကျရောက်လေ့ရှိသော မိုးစပါး ရွက်ခြောက်ရောဂါ၊ စပါးဂုတ်ကျိုးရောဂါနှင့် ပေါင်းများထပြီး စပါးပင်ဖြစ်ထွန်းမှု အားနည်း ကာ ရောဂါကျရောက်မှုတို့ဖြစ်ပေါ်နိုင်သည့်အတွက်   ရောဂါပိုးမွှားများနှင့်  ပတ်သက်သည့် ရှောင်ရန်၊ ဆောင်ရန် နည်းလမ်းများကို  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

လှငွေ(မင်းကင်း)