စဉ့်ကိုင်မြို့နယ်တွင် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးနိုင်ရေး ဓာတ်ခွဲ နမူနာများရယူ

စဉ့်ကိုင် စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု ပလိပ် အခြေခံပညာ အထက်တန်းကျောင်းတွင် Facility Quarantine ဝင်ရောက်နေသည့် နေရပ်ပြန်များအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ်  နမူနာများရယူခြင်းကို ယနေ့နံနက်()နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲနမူနာများ ရယူရာတွင် မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးလွင် ကြီးကြပ်၍ ဒေါက်တာငြိမ်းဝေလွင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ပရဟိတ အဖွဲဝင်များပူပေါင်း၍ မြင်းခြံမြို့မှ ပြန်လည်ရောက်ရှိလာသူ()ဦး၊ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိ လာသူ (၁၉) ဦးနှင့် BHS Volunteer () ဦး စုစုပေါင်း(၂၅)ဦးတို့၏ နှာခေါင်းတို့ပတ်နှင့် အာခေါင် တို့ပတ် ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်ရေး မန္တလေးမြို့ ပြည်သူကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ဓာတ်ခွဲ နမူနာများ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲနမူနာများ ရယူခဲ့သော (၂၅) ဦး၏ ဓာတ်ခွဲအဖြေများသိရှိရပါက ပြည်သူများ သိရှိနိုင်ရေးအချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်ပြန်/ဆက်)