ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ တောင်ငူပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

ရေတာရှည် စက်တင်ဘာ ၂၉

 

အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ရဲမှူးဦးဝင်းတင် ဦးစီးသည့် အရာရှိ  (၂) ဦး ၊အခြားအဆင့် (၁၈) ဦးတို့သည် စက်တင်ဘာလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ  စုပေါင်းသွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များအား တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လွင်ဦးနှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေး၍ ကြက်ဥ ၊ အချိုရည်၊ ရေသန့်ဘူးများပေးအပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁ ) ရက်နေ့တွင် ကျရောက် သည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသိရသည်။

ဆု(ပြန်/ဆက်)