သံ‌တောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့် (၈၅) နှစ် အတွင်း ဘိုးဘွားများအား ထောက်ပံ့ငေွပေးအပ်

သံတောင်ကြီး စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက်(၈၀) နှင့် (၈၅) နှစ်အတွင်း သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ဦးစီးဌာန မှ ထောက်ပံ့ငွေများကို ယမန်နေ့က သံတောင်မြို့ပေါ်ရပ်ကွက်များတွင် အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းနှင့် ဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ရပ်ကျေးစာရေးများက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ သက်ကြီးဘိုးဘွားများစားဝတ်နေရေး အဆေပြေစေရန်အတွက်  ရည်ရွယ်၍ အသက် (၈၀) နှင့် (၈၅) နှစ်အကြားသက်ကြီးဘိုးဘွား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် သံတောင်မြို့ ရပ်ကွက်(၄)ရပ်ကွက်ရှိ အဘိုး(၁၅)ဦးနှင့် အဘွား(၂၈)ဦး၊ စုစုပေါင်း(၄၃)ဦးအတွက် ထောက်ပံ့ငွေ (၁၂၉၀၀၀၀) ကျပ်အား အိမ်တိုင် ရာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်