ခန္တီးခရိုင် မိုဝိုင်းလွတ်မြို့တွင် စည်ပင်သာယာရေးရန်ပုံငွေ ၂၈ သိန်းဖြင့် လက်နှိပ်တုံကင် ရေတွင်း( ၅ ) ခုတူးဖော်

 

မိုဝိုင်းလွတ်       စက်တင်ဘာ     ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် စည်ပင်သာယာရေးရန်ပုံငွေ ၂၈ သိန်းဖြင့် လက်နှိပ်တုံကင်ရေတွင်း( ၅ ) ခုတူးဖော်ရာ ယနေ့တွင် လုပ်ငန်းရာနှုန်ပြည့် ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရပါသည်။

ရေတွင်းကို မိုဝိုင်းလွတ်မြို့ အမှတ်(၁)ရပ်ကွက်တွင်(၂)တွင်း၊ အမှတ် (၂)ရပ်ကွက် တွင်(၃)တွင်း၊ ပေါင်း(၅)တွင်းဖြစ်ပြီး ရေတွင်းတစ်တွင်းလျှင် ကျပ် ၅၆၀၀၀၀/- နှုန်းဖြင့် တူးဖော်ခြင်းဖြစ်ကာ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၂၈ သိန်းဖြစ်ကြောင်းသိရပါသည်။

ပီယမ်း