ရွှေပြည်သာမြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Quarantine Centre   များအား လာရောက်ကြည့်ရှု စစ်ဆေး

‌ရွှေ ပြည်သာ     စက်တင်ဘာ     ၂၉

ရန်ကုန်‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ ပြားလာသည်နှင့်အမျှ ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများအား ထားရှိနိုင်ရန်အတွက် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Quarantine Centre များဖြစ်သည့် (၁၀)ရပ်ကွက် ရှိ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းနှင့် (၁၂)ရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာ မူလတန်းကျောင်းများကို Quarantine Centre များ အဖြစ် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ထားရှိမှုများ အဆင်‌ပြေမှု  ရှိ/မရှိကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်  အုပ်ချုပ်ရေးမှူးဦးစိုးသိန်း၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးမိုးကျော် အောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ကျောင်းအတွင်း  ဆောင်ရွက်ထားရှိသည့် အခင်းအကျင်းများ၊ ရေချိုးခန်း၊ သန့်စင်ခန်းများ၊ အမှိုက်စွန့်ပစ်ရန်နေရာနှင့် လျှပ်စစ်ရရှိမှု အခြေအနေများအဆင်‌ပြေမှုရှိ/မရှိကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အေးအေးမိုး (ပြန်/ဆက်)