ကမာရွတ် စက်တင်ဘာ ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူ များ မလိုလားအပ်ဘဲ သွားလာခြင်းမရှိစေရေး စစ်ဆေးခြင်းကို ယမန်နေ့ နေလယ်(၁)နာရီအချိန်က (၇)ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာနှင့် ကျွန်းတောလမ်း Time City ဝန်းအတွင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပြီး စစ်ဆေးခြင်း ဆောင်ရွက် ခဲ့သည်။
ကမာရွတ်မြို့နယ်အတွင်း လမ်းမများတွင် သွားလာနေသော ယာဉ်များအား ရပ်တန့် စစ်ဆေးစေပြီး စက်တင်ဘာလ(၂၄)ရက်နေ့မှ အောက်တိုဘာလ (၇)ရက်နေ့အထိ ပြည်သူ များ မိသားစုကျန်းမာရေးနှင့် စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှလွဲ၍ မလိုလား အပ်ဘဲ သွားလာမှုများ မရှိစေရန် စသည်တို့ကို အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ထွေအုပ်မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)