ကြံခင်းမြို့ စည်ပင်သာယာရေးကော်မတီနှင့် အမှုဆောင်အရာရှိတို့က သန့်ရှင်းရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကြံခင်း  စက်တင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် အမှုဆောင်အရာရှိတို့က သန့်ရှင်းရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်ထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံး ခန်းမတွင် ထောက်ပံ့ပေးခဲ့ ကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်တို့က သန့်ရှင်းရေးဝန်ထမ်း (၂၀)ဦးအား အခြေခံစားသောက်ကုန် ဆန်(၃)အိတ်နှင့် ကြက်ဥ(၂၀၀)လုံးကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအားလုံးကိုလည်း ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)