ပန်းဘဲတန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရန် ပြင်ဆင်ဆောင်ရွက်

ပန်းဘဲတန်း စက်တင်ဘာ  ၃၀

ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထပ်မံ စိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို (၁၄)ရက်ကြာ ထပ်မံ‌ကပ်ထားကြေညာ ရန်အတွက် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် ပြည်သူများ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ()ရက်နေ့မှ (၁၄)ရက်နေ့ထိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် (၁၄)ရက်ကြာ ထပ်မံ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရှိရပါသည်။

မဲစာရင်းများကပ်ထားကြေညာရာတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကပ်ထားကြေညာ ခြင်းနှင့် အချက်အလက်များ ပြင်ဆင်/ပယ်ဖျက်ထည့်သွင်းခြင်း၊ Online မှတစ်ဆင့်ကြည့်ရှုခြင်း၊ အချက်အလက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အခြားသိလိုသည်များရှိပါက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များ၏ (ဥက္ကဌနှင့် အတွင်းရေးမှူး) လက်ကိုင်ဖုန်းများသို့ ဆက်သွယ်မေးမြန်းခြင်း နည်းလမ်း()မျိုးဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။

နေခြည်(ပြန်/ဆက်)