မျောက်ချောကုန်း ပရဟိတဆရာတော် အရှင်ပညာစာရ၏ မွေးနေ့အကြို လှူ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်လူနာများအား စားသောက်ကုန်များလှူဒါန်း

မြန်အောင်  စက်တင်ဘာ ၃၀

မျောက်ချောကုန်းပရဟိတဆရာတော် အရှင်ပညာစာရ၏ မွေးနေ့အကြိုအလှူအဖြစ် မြန်အောင်မြို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြံခင်းမြို့ ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်လူနာများအား ယနေ့ နံနက်တွင် စားသောက် ကုန်များလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မျောက်ချောကုန်းပရဟိတဆရာတော် အရှင်ပညာစာရ၏ မွေးနေ့အကြိုအလှူကို ရေဘေးကယ်ဆယ်ရေးတွင်ပါဝင်ကူ ညီခဲ့ကြသော မြန်အောင်မြို့ မြို့မတဲကြီးကုန်းကျေးရွာနှင့် ရန်နိုင်အေးရပ်ကွက်တို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၆) ဦးတို့အား ဆန်(၆)ပြည်၊ ဆီ ၁ လီတာ တစ်ဘူး၊ ၅၀၀၀/ ကျပ်၊ နတ်သုဒ္ဒါထမင်း ၁ ဘူး နှင့် အချိုရည်တို့ကို ဆရာတော် အရှင်ပညာစာရက လှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ ကြံခင်းမြို့ ပြည်သူ့ဆေးရုံ ဆေးရုံတက်လူနာများအတွက် ထမင်းဘူး ၊ Royal-D အချိုရည် ၊ ပြည်သူ့ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများအတွက် (နတ်သုဒ္ဓါ)ထမင်းဘူး၊ အချိုရည် နှင့် ကျန်းမာရေး အခြေခံဝန်ထမ်းများတွက် ဆန်(၆)ပြီ ၊ ဆီ(၁)ဘူး ၊ အလှူငွေ ၅၀၀ဝိ/- ကျပ် တို့ကို လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

မျောက်ချောကုန်းပရဟိတဆရာတော် အရှင်ပညာစာရ၏ မွေးနေ့အကြို လှူဒါန်းရာတွင် ကိုဗစ် -၁၉ ရောဂါ ကာ ကွယ်ရေး သတ်မှတ်စည်း ကမ်းချက်များအတိုင်း ဆောင်ရွက်နိုင်ရန် ကြံခင်းမြို့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးဒေါက်တာ ဝင်းနိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦး စီးမှူး ဦးကိုကိုသူနှင့်မြန်အောင်မြို့ ကြယ်ငါး‌ကောက်သူများအဖွဲ့ (StarFish Pickers)မှ ဦးသောင်းထွဋ် ဦးဆောင်‌သောအဖွဲ့ တို့က ကူညီလှူဒါန်းပေးခဲ့ကြ‌ကြောင်းသိရှိရသည်။

 

ဝင်းဗိုလ် (ပြန်/ဆက်)