ကမာရွတ် စက်တင်ဘာ ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံနှံ့ မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဥ်ဖြင့် လှည့်လည်ကာနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းကနှိုးဆော်ခဲ့သည်။
နှိုးဆော်ရာတွင် ကမာရွတ်မြို့နယ် မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှု ဦးဝင်းဝင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဥ်ဖြင့် လှည့်လည်ကာ လတ်တလောဖြစ်ပေါ်ပြန့်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်- ၁၉ ရောဂါကူးစက် ခံရခြင်း မရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေး (stay at home)အစီအစဥ်အတိုင်း မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ကြရန် ပြည်သူများ မဖြစ်မနေပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကိုဆပ်ပြာဖြစ့်စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဥ်ရန်၊ မိမိနေရပ်သို့ပြန်လာသည့် ပြည်သူများ ဝင်ရောက်လာမှုရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ အသိပေးအကြောင်းကြားရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာနေကြရန် စသည်တို့ကို လှည့်လည်နှိုးဆော်ခဲ့ကြသိရသည်။ ကမာရွတ်မြို့နယ် ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ လည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)