မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် အသက်(၈၀)မှ(၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

စေတုတ္တရာ  အောက်တိုဘာ  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ  အသက်(၈၀)မှ(၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ သက်ကြီးဘိုးဘွားများအား ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများသည် ကိုဗစ်-၁၉ရောဂါကာလအတွင်း သက်ကြီးဘိုးဘွားများအား စားဝတ် နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော သက်ကြီး ဘိုးဘွား တစ်ဦး လျှင် ထောက်ပံ့ငွေကျပ် ၃သောင်းနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ  အသက် (၈၀)မှ (၈၅)နှစ် အတွင်းရှိ သက်ကြီးဘိုးဘွား(၃၇၄)ဦးအား အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။      

စည်သူလွင်(ပြန်/ဆက်)