ဘောဂလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ဘောဂလိ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နေစဉ်ကာလအတွင်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ဘောဂလိမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၃၀၃) စုထံသို့ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ပြီးစီးကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဘောဂလိမြို့အုပ်ချုပ်ရေးမှူး ဦးစောဘိုဘိုကျော်က ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးနှင့် အလုပ်အကိုင် အခက်အခဲ ဖြစ်ပေါ်နေမှုများအပေါ် ယခုလို ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့်ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စု (၃၀၃) စုတို့အတွက် တစ်စုလှျင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၀၆၀၀၀၀/-) ကို မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နီလာအေး  (ပြန်/ဆက်)