နမ့်စန်မြို့နယ် ပညာရေးဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ် သိန်း ၂၀ စုပေါင်းလှူဒါန်း

 

နမ့်စန်(တ)    စက်တင်ဘာ- ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများ၌ အသုံးပြုရန်အတွက် မြို့နယ်ပညာရေးမှူး ဦးဆောင်၍မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ များနှင့် ပညာရေးဝန်ထမ်းမိသားစုများက စုပေါင်း၍ အလှူငွေကျပ် သိန်း ၂၀ ကို စက်တင်ဘာလ ၃၀ ရက် နေ့လည် ၂နာရီခွဲ က မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီး ကော်မတီ ထံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

အလှူရှင်ပညာရေးဝန်ထမ်းမိသားစုများ၏ ကိုယ်စား  အလှူငွေ ကျပ် သိန်း ၂၀ကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီးကော်မတီထံသို့ ပေးအပ် လှူဒါန်း ခဲ့ပြီး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က လက်ခံရယူခဲ့ကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ပညာရေးဝန်ထမ်းမိသားစုများက လှူဒါန်းထားသော ကျန်ငွေ ကျပ် ၁၆ သိန်း ၃သောင်း ကျော်ကို အလှူရှင်များ၏ ဆန္ဒအရ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေး ဦးစီး ကော်မတီသို့ ဆက်လက်ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရအောင်(ပြန်/ဆက်)