မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အထူးရဲ( Special Police) သင်တန်းဖွင့်လှစ်

နတ်မောက်  အောက်တိုဘာ  ၁

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့၌ အထူးရဲ( Special Police) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၈)နာရီခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။ 

အဆိုပါဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် များ ကိုရှင်းလင်းခြင်း ၊မြို့မရဲစခန်းမှူး ဒု-ရဲမှူးစိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပါတ်သက်၍ အထူးရဲ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အကြောင်းရှင်းလင်းခြင်းနှင့် မြို့မ ဒု-စခန်းမှူး ရဲအုပ်တင်ကိုကိုက သင်တန်းသားများအားသင်တန်းစည်းမျဉ်း၊စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။                          

သင်တန်းတွင် နတ်မောက်မြို့မ ရဲစခန်းမှ သင်တန်းသား(၁၂၈)ဦး၊ စိုင်ကောင်းရဲစခန်းမှ(၇၃)ဦး၊ ရွှေပန်း တောရဲစခန်းမှ (၅၂)ဦး နှင့် အင်းကန်ရဲစခန်းမှ(၂၈)ဦး စုစုပေါင်းသင်တန်းသား( ၂၈၁  )ဦးတက်ရောက် ကြပြီး၊ သင်တန်းကာလမှာ အောက်တိုဘာ (၁) ရက်နေ့မှ (၂၈)ရက်နေ့အထိ(၄)နေရာခွဲ၍ တစ်ပြိုင် တည်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။သင်တန်းဘာသာရပ်များ အနေဖြင့် စစ်ရေးပြသင်တန်း၊ ရဲလက် စွဲဥပဒေ၊ လူ့အခွင့်အရေး အကြောင်းအရာ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာ အချက်အလက် များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)