လှိုင်သာယာ(အရှေ့ပိုင်း) ၊ စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက် နိုင်ရေးကာလအတွင်း အနံ့ပျောက်သူများ ထားရှိနိုင်ရန်အတွက် Community Base Facility Quarantine Center များ ထပ် မံတိုးချဲ့ဖွင့်လှစ်ရန် အခြေခံပညာကျောင်းများသို့ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု ခဲ့သည်။
ထိုသို ကွင်းဆင်းကြည့်ရှု့ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးတာဝန်ခံများ၊ မြို့နယ်ပညာရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ် ရုံးအဖွဲ့တို့ပူးပေါင်းပြီး အခြေခံပညာကျောင်းများသို့ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အနံ့ပျောက်သူများ ထားရှိရန် Community Base Facility Quarantine Center များ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ကွင်း ဆင်းစီစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန် /ဆက်)