မော်လိုက် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲများအတွက် သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် မော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကျော်က သင်တန်းအဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က လိုအပ်သည်များအား ထပ်ဆင့်မှာကြားခဲ့ကြကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကျော်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြို့မိ မြို့ဖများနှင့် အထူးရဲသင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းနှင့် အထူးရဲ သင်တန်းအား အောက်တိုဘာ(၁)ရက်နေ့မှ(၂၈)ရက်နေ့ထိ ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အေးချမ်း လုံခြုံစွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအပြည့်အဝဆောင်ရွက် ပေးနိုင်ရန် အထူးရဲ(၅၂)ဦး၊ အရန်(၂)ဦး စုစုပေါင်းအထူးရဲ(၅၄)ဦးခန့်ထား ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ မော်လိုက်မြို့နယ်၌ မဲရုံပေါင်း(၅၂)ရုံရှိကြောင်း သိရသည်။
မော်လိုက်သားလေး