ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး နှင့် ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေး သုံးပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယနေ့ မွန်းလွဲ ၃နာရီခွဲ အချိန်က မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှု လျက်ရှိသော လူနာများနှင့် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့ များ၊ ပရဟိတအသင်းအဖွဲ့များအတွက် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် မြက်ဖျာ၊ ခေါင်းအုံ၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်အစုံ ၁၀၀ စုံ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာတုံး(၃)မျိုးတွဲ ၁၀၀ စုံ၊ ရေချိုခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် ၁၀၀ စုံ၊ PPE ဝတ်စုံ ၄၅ ထည်၊ Surgical Gown ၁၀၀ ထည်၊ Plastic Apron(၁၀၀)ခုပါ ၅ ထုပ်၊ Face Shield ၁၅၀၀ ခု၊ Surgical Mask ၁၅၀၀ ခု၊ လက်အိတ်(၁၀၀)ခုပါ ၃ ဗူး၊ ခေါင်းစွပ် ၁၀၀ခုပါ ၅ ဗူး၊ ရေမလိုလက်သန့်ဆေးရည်(၅၀၀)မီလီ ၁၀ ဗူး၊ အရက်ပျံ(၅၀၀)မီလီ ၁၀ ဗူး၊ ဆန်(၂၄)ပြည်ဝင်းအိတ် ၃၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး၂၀ ပိဿာ၊ ကြက်ဥ ၂၀၀၀ လုံး ပါဝင်သည့် လူအသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၆၅၈၉၅၀ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Operation Manager ဦးထွန်းလှစိုး က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ သို့ ပေးအပ် လှူဒါန်းခဲ့ရာ နာယကများ ဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင် နှင့် ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး တို့က အသီးသီးလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
ဒလမြို့နယ်၌ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ ၁၄ ခု တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူ စုစုပေါင်း ၅၈၄ ဦး ရှိပြီး၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၂၇၉ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်မွန်လာသူ စုစုပေါင်း ၂၆ ဦး၊ သံသယလူနာ ၃၉ ဦး ထိရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးထံ က သိရသည်။
နိုင်လင်းကျော်(ဒလ)