ဒဂုံ အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရန်နှင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး အတွက် ဒုတိယ အကြိမ် မဲစာရင်းကြေညာကပ်ထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ပြည် အရှေ့ရပ်ကွက်၌ ယနေ့ နံနက် ၈ နာရီက စတင်ကပ်ထားကြေညာပေးပြီးဖြစ်ကြောင်း သိရသည်။
ယခုဒုတိယအကြိမ် မဲစာရင်းကြေညာခြင်းသည် ပထမအကြိမ်၌ မပါဝင်ခဲ့သည့် မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်း ပြည့်စုံစွာ ပါရှိရေး နောက်ဆုံးအကြိမ် ကပ်ထား ကြေညာပေးခြင်းဖြစ်ပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ၌ လိုအပ်သည့် ပုံစံများတွင် အချက်အလက်ဖြည့်သွင်း နိုင်ကြောင်း သိရသည်။ ထိုသို့ကြေညာပေးရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်ပါဝင်မှု အချက်အလက်ပြည့်စုံမှန်ကန် စွာ ကြည့်ရှုစစ်ဆေးခြင်းကို သတ်မှတ်မဲရုံနေရာများအပြင် အွန်လိုင်းမှတစ်ဆင့် မိမိအမည်ကြည့်ရှုစစ်ဆေးနိုင်ရန် အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)