ဒေါပုံမြို့နယ် အ.ထ.က(၁) ကျောင်း Quarantine Centre တွင် အသုံးပြုနိုင်ရန် ခေါင်းအုံးများနှင့် မြို့နယ် ကိုဗစ်−၁၉ ကော်မတီသို့ စက်တပ်ပိုးသတ်ဆေးဖြန်းပုံး(၂)ပုံး၊ သွေးပေါင်ချိန်တိုင်းစက် (၃)လုံး၊ Pulse Oximeter ( ၂)ခု၊ N95Mask များလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်း Quarantine Centre တွင် Quarantine ဝင်ရောက်လာသူ ပြည်သူများ အသုံးပြုနိုင်ရန် ခေါင်းအုံး အလုံး(၃၀၀) အား ယနေ့နံနက်(၁၁)နာရီ အချိန်ကလာရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။