ကနီ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့ မြို့ပေါ်( ၃ )ရပ်ကွက် နှင့် ကျေးရွာအုပ်စု( ၄၅) အုပ်မှ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့က ကနီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် အသက် ၈၀ နှင့် ၈၅ အကြား အဘိုးအဘွားများနှင့် ၈၅ နှစ်အထက် အဘိုးအဘွားများ အား နိုင်ငံတော်မှထောက်ပံ့သောငွေများကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိုက်စိုးထွန်းက ရပ်ကွက် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၅)အုပ်စုမှ အုပ်ချုပ်ရေးမှူး များက လက်ဝယ်အရောက်ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ကနီမြို့နယ်တွင် အသက် ၈၀ နှင့် ၈၅ နှစ် ကြားအဘိုးအဘွား (၁၁၁၇) ဦးနှင့် ၈၅ နှစ်အထက်အဘိုးအဘွား (၈၇)ဦးရှိပြီးစုစု ပေါင်း (၁၂၀၄)ဦးရှိပါသည်။ အဘိုးအဘွားတစ်ဦးလျှင် နိုင်ငံတော်မှ ငွေကျပ်(၃၀၀၀၀)နှုန်းထောက်ပံ့ခဲ့ရာ ကနီမြို့နယ်အတွင်းရှိ အဘိုးအဘွား (၁၂၀၄)ဦးအတွက် ငွေကျပ်စုစုပေါင်း(၃၆၁၂၀၀၀၀)ကို ရပ်ကွက်/ေ ကျးရွာအုပ်စု ဥက္ကဋ္ဌ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ခင်ဝင်းကြည်( ပြန် / ဆက် )